မြောက်ဥက္ကလာပမြို့နယ်၌ ပထမအကြိမ် အခြေခံပညာ ကျောင်းပေါင်းစုံဓမ္မစကြာ(အလွတ်) ပူဇော်ရွတ်ဆို ပြိုင်ပွဲဖွင့်ပွဲကျင်းပ

မြောက်ဥက္ကလာပ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း ဝိုင်အမ်ဘီအေနှင့် မြို့နယ်ပညာရေးမှူး တို့ဦးဆောင်သော အခြေခံပညာ ကျောင်းအုပ်ကြီးများ ပူးပေါင်းပါ၀င် သောပထမအကြိမ် အခြေခံပညာကျောင်းပေါင်းစုံ  ဓမ္မစကြာ(အလွတ်) ပူဇော်ရွတ်ဆိုပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီ အချိန် ဆုတောင်းပြည့်မယ်လမု စေတီတော်ကြီး ၊ ယာဉ်ရပ်နား၀င်း ၊ သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး ပထမထပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ  အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ဓမ္မစကြာ(အလွတ်) ပူဇော်ရွတ်ဆို ပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့၏ ဩဝါဒစရိယ ဆရာ တော်ကြီးများ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် တက်ရောက်လာကြသော  ဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဓမ္မစကြာ  (အလွတ်) ပူဇော်ရွတ်ဆို ပြိုင်ပွဲကျင်းပရေး ကော်မတီ နာယက မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးမိုးသူက အဖွင့်အမှာစကား လျှောက်ထားခဲ့ပြီး  မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မို့မို့ခိုင်က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဓမ္မစကြာ  (အလွတ်) ပူဇော်ရွတ်ဆို ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းဦးက ပွဲတော်ကျင်းပရခြင်း နှင့် ပတ်သတ်၍ ရည်ရွယ်ချက်များအား ရှင်းလင်းလျှောက်ထား တင်ပြခဲ့သည်။ ယင်းနောက် မြောက်ဥက္ကလာပမြို့နယ်၌  ဗုဒ္ဓဘာသာကလျာဏယု၀ အသင်း ဝိုင်အမ်ဘီအေဥက္ကဋ္ဌ ဦးဟန်၀င်းလှိုင်က ကျေးဇူးတင်စကား လျှောက်ထားပြောကြားခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

အဆိုပါ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်ဗုဒ္ဓဘာသာကလျာဏယု၀အသင်း ဝိုင်အမ်ဘီအေ  နှင့် မြို့နယ်ပညာရေးမှူး တို့ဦးဆောင်သော အခြေ ခံပညာကျောင်းအုပ်ကြီးများ ပူးပေါင်းပါ၀င် သော    ပထမအကြိမ် အခြေခံပညာကျောင်းပေါင်းစုံ  ဓမ္မစကြာ (အလွတ်)ပူဇော်ရွတ်ဆိုပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသင်း ၈ သင်း ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်ရာ ပထမဆု ကျပ်သိန်း ၄၀ ၊ ဒုတိယဆု ကျပ်သိန်း ၃၀  ၊ တတိယဆု ကျပ်သိန်း ၂၀  ၊ စတုတ္တဆု ကျပ်သိန်း  ၁၀ ၊ ပဉ္စမဆု ကျပ် ၈ သိန်း  အခြားပြိုင်ပွဲ၀င်ဆုမရရှိသည့် အသင်းများကိုလည်း ငွေကျပ် ၃ သိန်း ချီးမြှင့်ပေးမည် ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး (ပြန်/ဆက်)