ရမည်းသင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသမီးဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရမည်းသင်း ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသမီး ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ရမည်းသင်းခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

​အဆိုပါ ၂၀၂၆ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသမီးဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ရမည်းသင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးဇော်မြင့်ထွေး၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ၂၀၂၆ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ရမည်းသင်းမြို့နယ်ဘောလုံးအသင်းနှင့် ပျော်ဘွယ်မြို့နယ် ဘောလုံးအသင်းတို့ယှဥ်ပြိုင်ကစားကြရာ ပထမပိုင်းအပြီးတွင် ပျော်ဘွယ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းမှ ရမည်းသင်းမြို့နယ်ဘောလုံးအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပိုင်းကိုဆက်လက်ကျင်းပလျက်​ရှိရာ ပျော်ဘွယ်မြို့နယ်ဘောလုံးအသင်းမှ ရမည်းသင်းမြို့နယ် ဘောလုံးအသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် ပျော်ဘွယ်မြို့နယ်ဘောလုံးအသင်းမှ အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ အနိုင်ရရှိခဲ့သောပျော်ဘွယ်မြို့နယ် ဘော​လုံးအသင်းအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ပြီး ရမည်းသင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးဇော်မြင့်ထွေးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင်အကောင်းဆုံးယှဥ်ပြိုင်ကစားခဲ့ကြသည့် အားကစားသမား အသီးသီးအားဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိန်းပြည့်ဇော် (ပြန်/ဆက်)