မြောက်ဥက္ကလာ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက် အထားများရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် ဝန်ထမ်းများသည် လမင်းစီမံချက်အရ ယနေ့နံနက်ပိုင်းက (က)ရပ်ကွက်၊မေယုလမ်းမရှိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြား ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိအသက် (၁၀) နှစ်ပြည့် ကျောင်းသား/သူ ၆၃ ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများကို နေ့ချင်းပြီး စိစစ်ဆောင်ရွက်ပေးကာ မြောက်ဥက္ကလာပမြို့နယ်ဦးစီးမှူးနှင့် တာ၀န်ရှိသူများကကျောင်း သား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)