လမ်းမတော် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိပ်ဖျားရောက်ကိုယ်ပိုင်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးမှုများကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမေသဥ္ဇာနွယ်(သွားကျန်းမာ)နှင့် ဒေါက်တာ အောင်ဟိန်းဦး(သွားကျန်းမာ)တို့ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ ထိပ်ဖျားရောက်ကိုယ်ပိုင်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား သွားနှင့်ခံတွင်းရောဂါအကြောင်း ဟောပြောခြင်း၊ စနစ်မှန် သွားတိုက်နည်းအား သရုပ်ပြသင်ကြားပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အကြောင်း ဟောပြောခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ပေအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်းများ သိရသည်။
မြို့နယ်(ပြန်/ဆက်)