တွံတေး ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ၀င်ငွေတိုးရေးစီမံကိန်း အစီအစဥ်ဖြင့် ဆိုင်ကယ်ပြင်သင်တန်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျွန်းတောရပ်ကွက်၊ ကံသာယာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းထက်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သန်လျင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေဇင်အေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် သင်တန်းသားများအား တွံတေးခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်သက်ဦး၊ သန်လျင်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေဇင်အေးနှင့်တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိာက်ကူးကြကြောင်း သိရသည်။
အခမ်းအနားသို့ တွံတေးခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်သက်ဦး၊ သန်လျင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေဇင်အေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၀န်ထမ်းများ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းအား ဇူလိုင်လ(၁၄)ရက်နေ့မှ သြဂုတ်လ(၃၀)ရက်နေ့အထိ သင်တန်းသား(၁၅)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)