ကျိုက်မ​ရောမြို့နယ် ပိန်းနဲကုန်း​ကျေးရွာ၌ လမ်းဖွင့်ပွဲနှင့် အောင်ပွဲကျင်းပ

ကျိုက်မ​ရော      ဇန် နဝါရီ       ၂၄

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ် ပိန်းနဲကုန်း​ကျေးရွာ ထားဝယ်​ကျောင်းတိုက်ကြီး၏ လမ်းသစ်ဖွင့်ပွဲနှင့်​အောင်ပွဲ အခမ်းအနားကို ယ​နေ့နံနက်၉နာရီ ကအဆိုပါလမ်းသစ်ဖွင့်ပွဲမုခ်ဦး မဏ္ဏပ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါလမ်းသစ်ဖွင့်ပွဲကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​​နေထွဋ်ဦးနှင့် မွန်ပြည်နယ် ဖွံ ဖြိုးမှုကြီးကြပ်​ရေးရုံးမှ ညွှမ်ကြား​ရေးမှူး ဦးညဏ်မျိုးတို့ကဖဲကြိုး ဖြတ်ဖွင့်လှစ်​ပေးခဲ့ကြသည်။
အဆိုပါလမ်းသစ်ကို နယ်စပ်​ရေးရာဝန်ကြီးဌာနနယ်စပ်​ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်​ရေးဦးစီး ဌာန၊မွန်ပြည်နယ်ရုံးမှ ၂၀၂၀-၂၀၂၁ဘဏ္ဏာ​ရေးနှစ်၊ အတွင်း ကတ္တရာ(၅၁ ) ​ပေ ပါပံ့ပိုးကူညီမှု နှင့်ထားဝယ်​ကျောင်းတိုက်ကြီး၏ အလှူရှင်ဒါယကာ၊ဒါယိကာမများစု​ပေါင်းလှူဒါန်းမှုဖြင့်​ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် မှာ  ,၂၁၅၀ ​ပေ ၊ အကျယ် ၁၂ ​ပေရှိ​​ကြောင်းသိရသည်၊ လမ်းဖွင့်ပွဲ ​အောင်ပွဲအပြီးတွင် ကရင်တိုင်းရင်းသား ရိုးရာဒုံးယိမ်းအကများဖြင့်ကပြ    ​ဖျော်​ဖြေခဲ့ကြ​ကြောင်း သိရသညိ။

ချိုချို(ပြန်/ဆက်)