‎မဟာအောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

‎‎‎မဟာအောင်မြေ ဇူလိုင် ၁၄

မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၉) နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူလေးများအား အာဇာနည်နေ့ ဖြစ်ပေါ်လာ‌ပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံ့အပေါ် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ပုံများအကြောင်း ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ပြောကြားပြီး လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူလေးများကို ကျောင်းစာအပြင် အခြားဗဟုသုတများရရှိစေရန်၊ ကိုယ်စွမ်းဉာဏ်စွမ်းများတိုးတက်လာစေရန်၊ စာပေမှာမွေ့လျော်ပြီး အမှားအမှန်ဝေဖန်နိုင်စေရန်၊ နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ အများကျိုး သယ်ပိုးထမ်းဆောင်‌စေလိုသောစိတ်များ မွေးမြူတတ်လာစေရန်ဟောပြောခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့်ဝန်ထမ်းများက နံရံကပ် စာစောင်များ၊ စာအုပ်စာပေများကိုလည်းခင်းကျင်းပြသခဲ့ပြီးဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ် ပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်ဟောပြောပွဲများ၊ နံရံကပ်ပြပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပေးဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း