ချမ်းအေးသာစံ ဇူလိုင် ၁၄
အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို အဆိုပါကျောင်းရှိ မိုးအံ့ခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်း အဖွဲ့ဝင်ဆရာမကြီး ဒေါ်နုနုကြည်က ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်များနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်များ၏ ဘဝတက်လမ်းကို ဖျက်ဆီးစေသည့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများအား ပြောကြားခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့်ဝန်ထမ်းများ၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်ဆရာမကြီး ဒေါ်နုနုကြည်၊ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းထွေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)