တပ်ကုန်းမြို့နယ်၌ ငရုတ်(ခြောက်)၊ ငရုတ်(စို) စုစုပေါင်း (၄၃၅၃) ဧကလျာထားစိုက်ပျိုး

တပ်ကုန်း ဇူလိုင် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးအပါဝင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံများ စိုက်ပျိုးကြရာ ငရုတ်(ခြောက်)၊ ငရုတ်(စို) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပိုးမွှားကျရောက်မှု ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သဘာဝအားဆေး၊ ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး၊ ဘက်စုံကာကွယ်ရေးနည်းစနစ်များ အသိပညာပေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ငရုတ်(ခြောက်) (၂၁၂၀) ဧက လျာထားစိုက်ပျိုး၍လည်းကောင်း၊ ငရုတ်(စို) (၂၂၃၃) ဧကလျာထား စိုက်ပျိုးကြကြောင်း သိရသည်။

တင်စိုးလွင်