ပေါင် ဇူလိုင် ၁၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်မိသန္တာမြင့်၊ ပြည်နယ်ဥပဒေအရာရှိဦးအောင်ကိုမြတ်၊ သထုံခရိုင်ဥပဒေအရာရှိ ဦးကျော်နန္ဒ နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ ၊မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က အဖွင့်အမှာ စကားပြောကြားကာ သထုံခရိုင် ဥပဒေအရာရှိ ဦးကျော်နန္ဒက သင်တန်ဖွင့်လှစ်ရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို သထုံခရိုင် ဥပဒေရုံးနှင့် မြို့နယ် ဥပဒေရုံးတို့မှ သင်တန်းနည်းပြ(၄) ဦးတို့က ဥပဒေ ဆိုင်ရာဘာသာရပ်များကိုသင်တန်းသား (၅၅)ဦးတို့အား ဇူလိုင် (၁၃) ရက်နေ့မှ (၁၆)ရက်နေ့အထိ (၄) ရက်ကြာ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)