မိတ္ထီလာ ဇူလိုင် ၁၃
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထိလာ)၌ ဆဋ္ဌမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲကို ဇူလိုင် ၁၂ ရက် နံနက်က အဆိုပါကျောင်းတွင် ကျင်းပသည်။
ဦးစွာ အစိုးရနည်းပညာအထက်တန်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်က ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများအား အစိုးရနည်းပညာ အထက်တန်းကျောင်း အောင်လက်မှတ်များအတွက် ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ကြေငြာခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း အောင်လက်မှတ်ပေးပွဲအခမ်းအနားမိန်ခွန်း ဖတ်ကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အဆောက်အဉီနည်းပညာသင်တန်း၊ အီလက်ထရောနှစ်နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်းနှင့် အဆောက်အဦပြုပြင်ထိန်းသိမ်းမှုသင်တန်းတို့မှ အောင်လက်မှတ်များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့သော ကျောင်းသားကျောင်းသူများအား အစိုးရနည်းပညာအထက်တန်းကျောင်းအောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)