မိတ္ထီလာမြို့နယ်၌ အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာ‌ရေးစပ်ပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာ‌ရေးစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပသည်။

ကဗျာ‌ရေးစပ်ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေမြသင်းကြိုင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက  အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရေးစပ်ခဲ့ကြသည်။

အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် က‌ဗျာရေးစပ်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)