နောင်ချိုမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော မွေးမြူရေးခြံများအား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ကွင်းဆင်းဆောင်ရွက်

နောင်ချို ဇူလိုက် ၁၃

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် နောင်ချိမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အသား၊ ဥ၊ နို့နှင့်နို့ထွက် ပစ္စည်းများပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသော မွေးမြူရေးခြံများသို့ ယမန်နေ့၊ မွန်းလွဲ()နာရီခွဲတွင် ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ၊ ကြုံတွေ့နေရသော အခက်အခဲများအပေါ် ပေါင်းစပ်ဖြေရှင်းပေးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးကျော်အောင်သန်း၊ ဦးသီဟလှိုင်နှင့် ဒေါ်ခိုင်သန္တာထွေးတို့သည် နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင် လိုက်ပါလျက်  (၁၂.၇.၂၀၂၆)ရက်နေ့၊ မွန်းလွဲ() နာရီခွဲတွင် နောင်ချိုမြို့နယ် ခဲထိတ်ကျေးရွာရှိ နို့စားနွား(၃၆၅)ကောင်မွေးမြူထားရှိသော PEP ခေတ်မီနို့စားနွားမွေးမြူရေးခြံ၊ ဆင်လမ်းစုကျေးရွာရှိ ဥစားကြက်(၇၅၆၀၀)ကောင် မွေးမြူထားရှိသော ရွှေကောင်းကင် ခေတ်မီဥစားကြက်မွေးမြူရေးခြံနှင့် ခြေမြစ်ပင်ကျေးရွာရှိ ဦးဇော်မျိုးဦး၏ ဒေသဆိတ် (၇၄)ကောင်မွေးမြူထားရှိသော ဒေသဆိတ်မွေးမြူရေးများသို့ ကွင်းဆင်းသွားရောက်ကာ နို့စားနွား မွေးမြူထားရှိကောင်ရေနှင့် နို့ထုတ်လုပ်နိုင်မှုမိုတိုးတက်လာစေရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသတွင်းနွားနို့သောက်သုံးမှုအပေါ် များစွာပိုလျှံထုတ်လုပ်နိုင်မှုအခြေအနေများ၊ နို့ထွက်ပစ္စည်း ကုန်ချောထုတ်လုပ်နိုင်ရေးကြုံတွေ့နေရသောအခက်ခဲအချို့နှင့် ဥစားကြက်ကောင်ရေတိုးမြှင့်မွေးမြူကာ ကြက်ဥတိုးတက်မြင့်မားစွာထုတ်လုပ်နိုင်မှုအခြေအနေများ၊ ဒေသဆိတ်ကောင်ရေတိုးတက်မွေးမြူနိုင်ရေး ဆောင်ရွက်မှုအခြေအနေများအပေါ် ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများအား ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်ပြန်ဆက်