တပ်ကုန်းမြို့နယ်၌ ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တပ်ကုန်း ဇူလိုင် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးအပါဝင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့်အခြားသီးနှံများ စိုက်ပျိုးကြရာ ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပိုးမွှားကျရောက်မှုကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သဘာဝအားဆေး၊ ပိုးသတ်ဆေးနှင့်ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး၊ ဘက်စုံကာကွယ်ရေးနည်းစနစ်များ အသိပညာပေးများဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ချည်မျှင်ရှည်ဝါစိုက်ပျိုးဧက ၆၅၀၀ လျာထားပြီး၊ ယနေ့အထိ ၁၄၀၂ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကာ ကျန်ဧကများကို မိုးနှောင်းရာသီတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်