ချောင်းဆုံ ဇူလိုင် ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများအနေဖြင့် အာဇာနည်နေ့နှင့် ပတ်သက်၍ သိရှိနားလည်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကလော့ခနိုင်း (အ.မ.က) ကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းရီက အဖွင့်အမှာစကားပြောကြားကာ မြို့နယ် (ပြန်/ဆက်) ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးဦးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အာဇာနည်နေ့နှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး၊ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်အိအိထွေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြကြောင်း သိရသည်။
ကိုကျော်