မုဒုံမြို့၌ ဒေသခံပြည်သူများအား တိုင်းရင်းဆေးကုသကွင်းဆင်းဆောင်ရွက်ပေး

မုဒုံ ဇူလိုင် ၁၃

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကုတင် (၅၀၀) ဆံ့ တိုင်းရင်းဆေးရုံ မော်လမြိုင်မှ ယနေ့နံနက်ပိုင်းက ကော့ခပုံကျေးရွာရှိ ဒေသခံပြည်သူများအား ကွင်းဆင်းကုသဆောင်ရွက်ပေးသည်။

ထိုသို့ ကွင်းဆင်းဆေးကုသပေးရာတွင် ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဒေါ်ခင်ခင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးမှူးတို့က အရိုး၊ အကြောအဆစ်၊ သွေးတိုး၊ ဒူးနာ၊ခါးနာ၊ မီးယပ်ရောဂါ စသည့်ရောဂါများကို ဒေသခံပြည်သူ (၁၀၂) ဦးအား ကွင်းဆင်းကုသပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများကို အခမဲ့ပေးအပ်၍ မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောက်ရှောက်ရေး အသင်းတို့က လာရောက်ပြသည့် ဒေသခံပြည်သူများအား လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)