ဇန်နဝါရီ၂၃ ရက်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးကျေးရွာအုပ်စု လက်ပံပြန့်ကျေးရွာမှ Covid-19 အတည်ပြုလူနာ အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်းက သပိတ်ကျင်းမြို့ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု၊ လက်ပံပြန့်ကျေးရွာမှအနံ့ ပျောက်ဆုံးနေသူ မောင်----------(၂၀)နှစ်သည် သပိတ်ကျင်းမြို့ အ-ထ-က Quarantine Centre တွင်ထားရှိစစ်ဆေးရာမှ Covid 19ရောဂါပိုးတွေ့ရှိသဖြင့် သပိတ်ကျင်းမြို့ ပြည်သူ့ ဆေးရုံသို့ ၁၁-၁-၂၀၂၁ နေ့က ဆေးရုံတက်ရောက်ကုသခဲ့ပြီး ရောဂါပျောက်ကင်းသက်သာသဖြင့် ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင်ပြုခဲ့ပြီး နေအိမ်တွင် (၇)ရက်သီးသန့် နေထိုင်သွားရမည် ဖြစ်ကြောင်းသိရသည်။
သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် Covid 19 အတည်ပြုလူနာ (၃၅)ဦး ဆေးရုံတက်ရောက် ကုသခဲ့ပြီး ဆေးရုံဆင်းခွင့်လူနာ (၃၀)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)