သီပေါ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲစိတ်နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ဘော်ကြိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့ယဉ်မျိုးက ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ် (သီပေါ) မှ ဒုရဲအုပ်ကျော်ဇင်မိုးက ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ယာဉ်ရပ်နားသူများ လိုက်နာရမည့်စည်းကမ်းများ၊ လမ်းလျှောက်သူများ လိုက်နာရမည့်စည်းကမ်းများ၊ မီးပွိုင့်တွင် လိုက်နာရမည့် စည်းကမ်းများစသည်ဖြင့် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဆိုင်ကယ်ဦးထုတ်များကို ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)