ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေအသိပညာ တိုးပွားရေး အသိပညာပေး ဟောပြော

ကျောက်တန်း ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေအသိပညာ တိုးပွားရေး အသိပညာပေး ဟောပြောပွဲကို ၉-၇-၂၀၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဟောပြောခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက်  ရည်ရွယ်၍ ပြောကြားရခြင်းဖြစ်ကြောင်း စာပေအသိပညာသည်ဘ၀အတွက် မရှိမဖြစ်လိုအပ်တာဖြစ်ကြောင်း စာပေများများ ဖတ်ရှုမှ ဘ၀မှာအမှားအမှန် ဝေဖန်ပိုင်ခြားနိုင်မှာဖြစ်ကြောင်း၊ ယနေ့အခါမှာ စာပေဖတ်ရှုသူ နည်းပါးလာပါကြောင်းနှင့် စာပေကြောင့်ရရှိနိုင်သည့် အသိဉာဏ်​၊ အခွင့်အရေးများကို ရှုံးဆုံးရပါကြောင်း စသည့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်နှင့် လူငယ်ဆိုင်ရာ အသိပညာပေး စာအုပ်စာစောင်များအား ပြသထားရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)