ကျောက်တန်း ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ သန်လျင်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု၀င်ငွေတိုးရေး စီမံကိန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို သန်လျင်ခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်အောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်၊၊
ဆက်လက်ပြီး သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသူများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့် ကျောက်တန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်တို့မှ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အခမ်းအနားကို သန်လျင်ခရိုင်၊ ခရိုစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ ကျောက်တန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးနှင့် ၀န်ထမ်းများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းအား ၁၀ - ၇ - ၂၀၂၆ရက်နေ့မှ ၂၃.၈.၂၀၂၆ ထိ သင်တန်းသူ ၁၅ ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)