မူဆယ် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ “၂၀၁၈-၂၀၃၀ ခွေးရူးရောဂါကင်းစင်ပပျောက်ရေး” ရည်မှန်းချက်အတွက် ရပ်ကွက်များအတွင်းရှိ အိမ်မွေး ခွေးများကို ယမန်နေ့က ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေးသည်။
ပြည်သူလူထုအတွင်း အိမ်မွေးတိရစ္ဆာန်(ခွေး၊ကြောင်)များတွင် ခွေးရူးရောဂါကာကွယ် ကာကွယ်ဆေး ထိုးနှံခြင်း အလေ့အထကောင်းများ တိုးပွားလာစေရန်အတွက် ခွေးရူးရောဂါ ကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေးခြင်းကို မူဆယ်မြို့ပေါ်ရွက်များအတွင်းရှိ ခွေး၊ကြောင်များအား ခရစ်ယာန်ရပ်ကွက် (လူငယ်ဇရပ်) နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတို့တွင် အခမဲ့ ဆေးထိုးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ အိမ်မွေးခွေး(၁၀၀) ကောင်အား ထိုးနှံပေးနိုင်ခဲ့ကြောင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစန္ဒာကြည်ထံမှ သိရသည်။
စန္ဒာ(ပြန်/ဆက်)