ပင်လောင်းမြို့နယ်၌ လက်ဖက်စိုက်ပျိုးနည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပင်လောင်း ဇူလိုင် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တောင်ထီဗွာ ကျေးရွာအုပ်စု၊ နန်းပန်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု လက်ဖက်စိုက်ပျိုးနည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုင်းအေးလှိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာတို့က သင်တန်းဆင်း အမှာစကား ပြောကြားကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား/သင်တန်းသူများ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၀) ဦး တက်ရောက်ကြပြီး၊ သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့ထိ လက်ဖက်စိုက်ပျိုးရေးနည်းပညာများ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)