ရန်ကုန် ဇူလိုင် ၁၁
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်း၊ တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်း၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်း၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်း၊ တတိယဆုရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရှိသည့် မကွေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းမှ ဂျူးရတီလွင်နှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျော်ခန့်နိုင်တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၁)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ်(၂)ခုဖြင့် အမျိုးသား တံခွန်စိုက်ဆုဖလား ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၁)ခုဖြင့် စုပေါင်း တံခွန်စိုက်ဆုဖလား ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တံခွန်စိုက်ဆုဖလားများကို ပေးအပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို အားကစားသမား(၁၀၀)ဦးဖြင့် ဇူလိုင်လ(၆)ရက်နေ့မှ ဇူလိုင်လ (၁၀)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)