မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Pfizer Vaccine ကွင်းဆင်းထိုးနှံပေး

မြောက်ဥက္ကလာ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer Vaccine) ထိုးနှံပေးခြင်းကို အဆိုပါရုံးတွင် ကျန်းမာရေး၀န်ထမ်းများက ကွင်းဆင်း ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများအား ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်ပြီး ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer Vaccine) ကို ကျန်းမာ‌ရေး၀န်ထမ်းများက ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)