မန္တ‌လေးတက္ကသိုလ်၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၁၁

မန္တ‌လေးတက္ကသိုလ်၌ မန္တ‌လေးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲက ကြီးမှူးကျင်းပသည့် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်းဝ (၉)ခန်းမတွင် ကျင်းပသည်။

ဦးစွာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်တို့မှ  အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မန္တ‌လေးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ပါမောက္ခ(ဌာနမှူး) ကွန်ပျူတာသိပ္ပံပညာဌာန ဒေါက်တာကျော်မိုးမင်းက သင်တန်းဖွင်းလှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ မန္တ‌လေးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ပါမောက္ခ(ဌာနမှူး) ကွန်ပျူတာသိပ္ပံပညာဌာန ဒေါက်တာကျော်မိုးမင်း၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် (၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း