ကျောက်တလုံးကြီး ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင်တောင်ကြီးမြို့၊ စိုက်ပျိုးရေး ဦးစီးဌာနမှ၊ အစားထိုးသီးနှံမျိုးစေ့၊ နှစ်ရှည်ပျိုးပင်နှင့် သဘာဝမြေဩဇာများအား တောင်သူများ တစ်ပိုင် တစ်နိုင် စိုက်ပျိုးနိုင်ရန်နှင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ ကျောက်တလုံးကြီး မြို့ စိုက်ပျိုးရေးဦးစီးဌာနခန်းမတွင်ယနေ့နံနက်၁၀နာရီခွဲခန့်က ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ကျောက်တလုံးကြီးမြို့ နယ်မြေရဲစခန်းမှစခန်းမှူး ဦးအောင်ကျော်ဌေးက ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးအကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ပြီး၊ တောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်ဝင်းက အစားထိုးသီးနှံမျိုးစေ့ ၊ နှစ်ရှည်ပျိုးပင်နှင့်သဘာဝမြေဩဇာပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက်ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူးဦးစောချမ်း၊ တောင်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကျော်ဝင်း၊ ကျောက်တလုံးကြီးနယ်မြေရဲစခန်းမှ စခန်းမှူးဦးအောင်ကျော်ဌေး၊ ကျောက်တလုံးကြီးမြို့စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးဦးမောင်မောင်မြင့်၊ ကျောက်တလုံးကြီးမြို့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူးဦးလှမြိုင်တို့က အခမ်းအနားသို့ တတ်ရောက်လာသော ကက္ကူကျေးရွာအုပ်စုနှင့် ပင်တွန်ကျေးရွာအုပ်စု တောင်သူ(၂၀)ဦးအား ထောပတ်ပင် (၁၀၀)၊ ကော်ဖီပင်(၂၀၀) သဘာဝမြေဩဇာ(၂၀)အိတ်နှင့် ၂၀ဧကအတွက် ရေဆင်းစပ်မျိုး ၁ နေကြာမျိုးစေ့ များကိုပေးအပ်ခဲ့ကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)