မင်္ဂလာဒုံ ဇန်နဝါရီ ၂၃
ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် သမိုင်းဝင်ကျိုက္ကလော့စေတီတော်မြတ်ကြီး အရှေ့တောင်ထောင့် မင်္ဂလာကန်တော်အထက်တွင် ဉာဏ်တော် ၃၁ ပေ အမြင့်ဆောင်သော ဘုန်းတော်ပွင့် ဈာနမုဒြာရုပ်ရှင်တော်မြတ်ကြီး ပူဇော်တည်ထားနိုင်ရေးအတွက် ကျော် မိသားစုမှ လှူဒါန်းငွေ ကျပ်သိန်း(၃၀၀)နှင့် ရွှေစင်စင်္ကြာမိသားစုမှ လှူဒါန်းငွေ ကျပ်သိန်း(၃၀၀) စုစုပေါင်း လှူဒါန်းငွေ ကျပ်သိန်း(၆၀၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ လှူဒါန်းပွဲကို ကျိုက္ကလော့စေတီတော် အာရုံခံတန်ဆောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်း လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ပြီး မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးဦးဇော်လင်း၊ သာသနာရေးမှူး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးကျော်မျိုးထွန်း၊ ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌဦးရွှေမောင်နှင့် ဂေါပကအဖွဲ့ဝင်များ ၊ အလှူရှင်များ တက်ရောက်ခဲ့ ကြသည်။
မျိုးသန့်(ပြန်/ဆက်)