ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D CUP 2026 ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံအရှေ့ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အ‌ခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U – 14 Boys Royal – D CUP 2026 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၁၈) ရပ်ကွက်၊  မြို့နယ်အားကစားကွင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးသက်ဦးကြွယ်က အားကစား သမားများအနေဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားကြရန်၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်ရန်နှင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန်‌ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းအတွင်းသို့ ဘောလုံးများကန်သွင်းကြပြီး ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်‌ပေးသည်။

အဆိုပါ အ‌ခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U-14 Boys Royal - D CUP 2026 ဘောလုံးပြိုင်ပွဲတွင် အသင်း (၉) သင်း  ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း  သိရသည်။

အေးမဉ္ဇူ