မုဒုံမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြော

မုဒုံ    ဇူလိုင်     ၁၀

မွန်ပြည်နယ် မုဒုံမြို့၌ ကျောင်းသား/ ကျောင်းသူများ၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ပိုမိုသိရှိနားလည်စေပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (ခွဲ) ဗိုလ်တေဇကျောင်း၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး အမှတ် (၇၇) ယာဥ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ် (မုဒုံ)မှ ရဲအုပ်ဇင်မင်းဦးက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်၍ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)