ဗိုလ်တထောင် ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဗိုလ်တထောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ဗိုလ်တထောင်ခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကား ပြောကြားသည်မှာ ဗိုလ်တထောင်ခရိုင် အတွင်းရှိ မြို့နယ်များ၏ လစဉ်လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းတာဝန်များအား ရှင်းလင်း ပြောကြားခြင်း၊ အစိုးရအသစ် လက်ထက်ရက် ၁၀၀ စီမံချက်များဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများလုံခြုံရေးအထူးဂရုစိုက်ကြရန်၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန် အစရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဗိုလ်တထောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းက တိုင်းဒေသကြီးအစည်းအဝေးဆုံးဖြတ်ချက်များ၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူးမှ နိုင်ငံတော် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ညွှန်ကြားချက် များအား ဖတ်ကြားတင်ပြခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားချက်ဆိုင်ရာများကို ဖတ်ကြားခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များမှ ဆွေးနွေးခြင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်အတွင်း လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ အစိုးရရက်( ၁၀၀ )စီမံချက်များ ဆောင်ရွက်ထားရှိမှုအခြေအနများအား ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေး းရုပ်သိမ်းခဲ့ပါသည်။
ထိုအစည်းအဝေးသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
ခင်ဝင်း(ပြန်/ဆက်)