ရမည်းသင်း ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်တွင် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရေးနှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က စာပေများဖတ်ရှုလေ့လာခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း ပြည့်စုံစွာရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥဒေများ စာအုပ်ထဲတွင် ရေးသားဖော်ပြထားသည့် အခန်း(၁၅)ပါ ပုဒ်မ ၁၆၁-၁၆၂ တို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဝန်ထမ်းများက မိမိတို့သိရှိလိုသည်များကို အပြန်အလှန်ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဟိန်းပြည့်ဇော်(ခရိုင် ပြန်/ဆက်)