မတ္တရာမြို့နယ် အ.ထ.က(စလွန်ဖြူ)၌ လူငယ်စကားဝိုင်းကျင်းပ

မတ္တရာ ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက ..က(စလွန်ဖြူ)ကျောင်းခန်းမ၌ ကျင်းပသည်။

​ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနန်းဝင်းထွေးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းသီမှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်က စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် “ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေပြီး  အသိပညာ ဗဟု သုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်တိုး တက်စေရန်၊ လူငယ်များအချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်’’ အတွက် ရည်ရွယ်လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ ဦး​ဆောင်​​ဆွေး​နွေးသူအဖြစ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်က ဦးဆောင်ဆွေးနွေးကာ Grade-12 ကျောင်းသူ မထက်ထက်ဝင်းမှ  လူငယ်နှင့် ကျန်းမာရေး”၊ Grade-11 ကျောင်းသား မောင်ဇော်မိုးမှ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်”၊ Grade-9 ကျောင်းသား မောင်ဝေယံဘုန်းမြင့်မှ လူငယ်နှင့် မူးယစ်ဆေးဝါး”၊ Grade-9 ကျောင်းသူ မေဘုန်းသူမှ လူငယ်နှင့် ရည်မှန်းချက်” စသည့်ခေါင်းစဉ်များဖြင့် ​ဆွေး​နွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။ စကားဝိုင်းတွင်ပါဝင်ဆွေနွေးခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်မှ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များကို  ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖြင့် ဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ရွှေရာသား