နွားထိုးကြီး ဇန်နဝါရီ ၂၃
နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ်ကွက်၊ သိမ်တော်ကျောင်းဝန်းအတွင်း၌ သုခချမ်းသာ ကျန်းမာရေးစောင့်ရှောက်မှု လူမှုအထောက်အကူပြုအသင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်၊ (၇)ကြိမ်မြောက်သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုလူမှုကူညီရေးအသင်းမှ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်နှင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလတွင် သေလိုအပ်လျက်ရှိသည့်အတွက် နွားထိုးကြီးမြို့နယ်ရှိ သံဃာတော်များ၊ ပရဟိတအသင်း များနှင့်တစ်ဦးချင်း သွေးအလှူရှင်များက လာရောက်သွေးလှူဒါန်းခဲ့ကြသည်။
“လူနာတွေအတွက် သန့်စင်တဲ့သွေးကို အရေးပေါ် အချိန်မီအလုံအလောက်ထောက်ပံ့ နိုင်ဖို့အတွက် စေတနာ့သွေးလှူရှင် ရရှိမှုအပေါ်မှုတည်ပါတယ်၊ သွေးလှူသူအားလုံးကို အထူးကျေးဇူး တင်ပါတယ်၊ လေးလတစ်ကြိမ်သွေးလှူဒါန်း ပေးခြင်းဖြင့် လူနာတွေအသက်ကိုကယ်တင် နိုင်ပါတယ်” ဟု ရောဂါဗေဒဆရာဝန် ဒေါက်တာ ဆုလှိုင်ဦးက ပြောပြသည်။
ယနေ့စုပေါင်းသွေးလှူဒါန်းပွဲတွင် သံဃာတော်များနှင့်စေတနာ့သွေးလှူရှင်များက သွေးမျိုးစုံ လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်