တံတား ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအား လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သကဲ့သို့ ယဉ်ကျေးမှုအစဉ်အလာများကို လက်ဆင့်ကမ်းသယ်ဆောင်ရမည့်သူများဖြစ်ကြောင်း၊ ခေတ်စနစ်များမည်မျှပင်ပြောင်းလဲစေကာမူ မိမိတို့၏ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုစံနှုန်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာ လူမျိုးတစ်မျိုး၏ အသက်သွေးကြောဖြစ်သကဲ့သို့ လူငယ်တို့၏ အနာဂတ်အတွက်လည်း အရေးပါလှသော အမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မြန်မာ့ယဉ်ကျေးမှုအနှစ်သာရများကို နားလည်သဘောပေါက်ပြီး ခေတ်နှင့်အညီ ထိန်းသိမ်းတတ်စေရန်လိုအပ်ကြောင်း၊ ခေတ်မီတိုးတက်မှုနှင့် ယဉ်ကျေးမှုအစဉ်အလာကို ဟန်ချက်ညီညီ ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည်နှင့်အတူ ယဉ်ကျေးသိမ်မွေ့သော လူ့ဘောင်ကိုတည်ဆောက်ရန်လိုအပ်ကြောင်း၊ ကမ္ဘာ့အမြင်ရှိပြီး မိမိတို့ယဉ်ကျေးမှုကို တန်ဖိုးထားတတ်သော လူငယ်များဖြစ်လာစေရန်လိုအပ်ကြောင်း၊ ယဉ်ကျေးမှုဆိုတာ လူမျိုးတစ်မျိုးရဲ့ သမိုင်းဖြစ်သလို၊ လူငယ်ဆိုတာကတော့ အဲဒီသမိုင်းကို ဆက်လက်ရေးထိုးမယ့် အနာဂတ်ရဲ့ ဗိသုကာတွေဖြစ်ကြောင်း၊ ယနေ့ခေတ် နည်းပညာတွေ တိုးတက်ထွန်းကားလာတဲ့အချိန်မှာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုအနှစ်သာရတွေကို မမေ့လျော့စေရန်၊ ခေတ်နှင့်အညီ ဂုဏ်သိက္ခာရှိသော လူငယ်တွေဖြစ်လာစေရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)