ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုခန်းမ၌ ကျောင်းသား ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်‌ရေး အသိပညာပေးဟောပြော

ဆိပ်ကြီးခနောင်တို ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအနေဖြင့် လူကုန်ကူးခံရမှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လည်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (ကိုယ်စား) ဓာတ်ပုံကျွမ်းကျင် (၂) ဦးဝေယံထွန်းက အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသား/ ကျောင်းသူများအား လူကုန်ကူးခံရမှု ဖြစ်ပွားရခြင်းအကြောင်းအရင်း၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲဆိုးကျိုးများ၊ လူကုန်ကူးခြင်းမခံရအောင် ပြုမူနေထိုင်ရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား ကျောင်းသား/ ကျောင်းသူများ နားလည်လွယ်အောင် အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမ၌ ပြသထားသည့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)