ခရမ်း ဇန်နဝါရီ ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် မက္ကသံ-ကျားဝင်းကျေးရွာ ဆက်သွယ်ရေး ကွန်ကရစ်လမ်းခင်းနိုင်ရေးအတွက် မြေပြင်အခြေအနေအား ကွင်းဆင်းစစ်ဆေး၍ လမ်းကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းခြင်းကို ယမန်နေ့ညနေ ၃ နာရီက အဆိုပါလမ်း၏ ကျေးရွာများတွင် မြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြ သည်။
လမ်းပိုင်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လမ်းကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်းကို ခရမ်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ ကျေးလက် လမ်းဦးစီးမှူး ဒေါ်အိအိထွေး၊ လမ်းဦးစီးဌာနမှ SAE ဦးအေးမျိုးထွန်းနှင့် မြို့နယ် QC အဖွဲ့ဝင်များ၊ လမ်းအား တာဝန်ယူခင်းကျင်းမည့် Pada Group မှ တာဝန်ရှိသူများကမက္ကသံ- ကျားဝင်း လမ်းပိုင်းအား ကြည့်ရှုစစ်ဆေး၍ ကျေးရွာအလိုက် လမ်းကြီးကြပ်ရေး ကော်မတီများဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်း လိုအပ်ချက်များအား ဒေသခံပြည်သူများနှင့် ညှိနှိုင်းပေး ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းပြီးစီးပါက ဒေသဆက်သွယ်ရေးနှင့် ဒေသထွက်ကုန်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး ဆက်သွယ်ရေး ကောင်းမွန်မှု့ကြောင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မူများရရှိလာမှာ ဖြစ်ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)