သုံးခွ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာအုပ်စု ကံမြင့်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဒုတိယအကြိမ် ထုတ်ပေးခြင်းအခမ်းအနားကို ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးဇင်မင်းကို မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျေးရွာမြေငှားဂရန် စာချုပ်များအား ကံမြင့်ကျေးရွာ စံပြလမ်းမှ ဂရန်လျှောက်ထားသူများကိုယ်စား ဦးဝင်းဗိုလ်အား လည်းကောင်း၊ ဖွံဖြိုးရေးလမ်းမှ ဂရန်လျှောက်ထားသူများကိုယ်စား ဒေါ်ဝင်းအေးအား လည်းကောင်း၊ ကန်ပတ်လမ်းမှ ဂရန်လျှောက်ထားသူများကိုယ်စား ဒေါ်ယုယုမွန်အား လည်းကောင်း တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီးနောက် ဦးတင်ချိုချိုမှ ဒေသခံများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးဇင်မင်းကိုနှင့်အဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)