ပြင်ဦးလွင် ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလားကျောင်းပေါင်းစုံ(ဇုံအလိုက်) အသက်၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုနှင့် တာ၀န်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေး၌ ဆွေးနွေးရာတွင် ခရိုင်အားကစားကွင်းအတွင်း ပြိုင်ပွဲအားပြိုင်ပွဲဝင်အသင်း ၆ သင်းဖြင့် ဇူလိုင် ၂၀ ရက်မှ ဇူလိုင်၂၈ရက်အထိ တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)