မြင်းခြံမြို့ အထက(၂)ကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

မြင်းခြံ ဇူလိုင် ၉

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများ၊ အာဇာနည် ၉ ဦးတို့၏ ကိုယ်ရေးရာဇဝင်များနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို အောက်မေ့သတိရဖွယ်ဖြစ်စေရန် ဟောပြောသည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)