ကော့မှူး ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများနှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်သော ပြည်သူ့စကားဝိုင်း( Public Talk) အခမ်းအနားကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က ကော့မှူးမြို့နယ်၊ ကိုးထောင်ကျေးရွာ၊ လှည်းဆိပ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်းနှင့် ဦးလေးစိုးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ဆွေးနွေးတင်ပြခဲ့သည်။ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြည်သူ့စကားဝိုင်း ( Public Talk) ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ကိုလတ်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်နိုင်မှ စပါးအထွက်နှုန်းတိုးတက်ဖို့မျိုးကောင်းမျိုးသန့် စိုက်ပျိုးစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးတင့်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးမြတ်သူမှ ယခုနှစ်အတွင်း ဝန်ကြီးဌာန၏မူဝါဒနှင့် ကျေးလက်လမ်း/တံတားများ ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်မည့်အစီအစဉ် ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးစောလှဝင်းအောင်မှ ချေးငွေထုတ်ချေးခြင်းအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်မြောင်းကဏ္ဍအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ပြည်သူများမှ သိလိုသည့်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပြည်သူ့စကားဝိုင်း( Public Talk) အခမ်းအနားသို့ ကျေးရွာပြည်သူ(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)