ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ရက်သတ္တ(၂)ပတ်ကြာ ယာယီပိတ်သိမ်းထားသည့် မြို့မစည်ပင်သာယာဈေးကြီးတွင် စားသောက်ကုန်နှင့် ဆေးဝါးအရောင်းဆိုင်ခန်းများနှင့် အနီးဝန်းကျင်ရှိလမ်းများမှ ဈေးဆိုင်များအား ဇန်နဝါရီ(၂၃)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပေးခဲ့ကြောင်းသိရပြီး အဆိုပါဈေးစတင် ဖွင့်လှစ်သည့်နေ့မှာပင် လွတ်လပ်ရေးရပ်ကွက် မုဒိတာလူမှုရေးအသင်းက Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့မစည်ပင်သာယာဈေးကြီးကို ဈေးအတွင်းမှ အနံ့ပျောက် ကိုဗစ်-၁၉ ပိုးတွေ့လူနာအချို့ စစ်ဆေးတွေ့ရှိလာရသဖြင့်၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်စေရန် အတွက် ရက်သတ္တ(၂)ပတ်ကြာယာယီ ပိတ်သိမ်းထားခဲ့ရာမှ (၂၂-၁-၂၀၂၁) ရက်နေ့တွင်ပြုလုပ်သော ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပျံကျဈေးတန်းကို ဆက်လက် ပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့မစည်ပင်သာယာဈေးကြီး တစ်စိတ်တစ်ပိုင်းပြန်လည်ဖွင့်လှစ်သည့် နေ့ မှာပင် ဈေးသည်/ဈေးဝယ်များကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးသည့်အနေဖြင့် လွတ်လပ်ရေး ရပ်ကွက် မုဒိတာလူမှုရေး အသင်းက လူငယ်များစုပေါင်း၍ Face Mask ဘူး(၅၀) အခုရေ(၂၅၀၀)နှင့်မီးအိမ်ရှင်လေးများအဖွဲ့မှ လှူဒါန်းသည့် Hand Gel ဘူးသေး(၆၂၅)ဘူးတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အပြင်ထွက်တိုင်း Mask တပ်ဆင်ကြရန်နှင့် လူစုလူဝေးရှောင်ကြဉ်ကြရန်၊ အပြင်က ပြန်လာတိုင်းလက်ကို ဆပ်ပြာဖြင့် မိနစ်(၂၀)ကြာဆေးကြောကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)