ဘီးလင်းမြို့၊ အ.မ.က(မာလိကာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ဘီးလင်း ဇူလိုင် ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌ပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း ၊နံရံကပ်စာစောင် ပြသခြင်းများကို ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းက အ.မ.က (မာလိကာ) ကျောင်း၌ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး  ဒေါ်ခင်ချိုဝင်းက  အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည် ခေါင်းဆောင်(၉)ဦး အကြောင်းတို့ကို အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်း စာစောင်များ စသည့် ကလေးစာပေများကိုဖတ်ရှူစေခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် အာဇာနည် ခေါင်းဆောင်(၉)ဦး၏ သမိုင်း အကြောင်းအရာများ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဆိုင်ရာသိကောင်းစရာများ စသည့် အသိပညာပေး နံရံကပ်စာစောင် များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)