ရတနာပုံတက္ကသိုလ်တွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)က အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုပြုလုပ်

မန္တလေး ဇူလိုင် ၉

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)က ကြီးမှူးကျင်းပသော အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူလုလှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင် ၉ ရက် နံနက် ၁၀နာရီက မန္တလေးအမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမတွင်ကျင်းပသည်။

အခမ်းအနားသို့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမာက္ခချုပ် ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဝင်းနိုင်နှင့်ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများ၊  အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)ဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးပိုင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မြို့နယ်အခွန်ဦးစီးမှူးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများစုစု ပေါင်း၆၅၀တက်ရောက်ကြသည်။အစီအစဉ်အရ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅) ဌာနမှူး ဦးပိုင်စိုးက အဖွင့်မှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီအောင်က အခွန်အကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်  တက်ရောက်လာကြသောဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ၊ မရှင်းလင်းသည်များကို မေးမြန်းခြင်း၊ အခွန်ဆိုင်ရာအမေးအဖြေ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ အမှတ်တရလက်ဆောင်များပေးအပ်ချီးမြင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

(MMT)