ချမ်းမြသာစည် ဇူလိုင် ၉
ရုရှားဖက်ဒေးရှင်းနိုင်ငံတပ်မတော်မှ Lieutenant General Oleg TSEKOV ပါ(၅)ဦး၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒေးရှင်းနိုင်ငံသံရုံးမှ Assistant Military Attache ဖြစ်သူ Major Aleksei Oleinikov သည် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဆက်ဆံရေးအရာရှိ ဗိုလ်မှူး ကျော်ဇောလင်း ပါအဖွဲ့နှင့်လိုက်ပါ၍ ဇူလိုင် ၉ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးသို့ လာရောက်ဖူးမြော်လျက်ရှိသည်။
အဆိုပါ ရုရှားဖက်ဒေးရှင်းနိုင်ငံတပ်မတော်မှ Lieutenant General Oleg TSEKOV ပါ(၅)ဦးအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်၊ ဘုရားကြီးဂေါပက အတွင်းရေးမှူး ဦးသိန်းဋ္ဌေးနှင့်ဂေါပကအဖွဲ့များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆို၍ မဟာမုနိဘုရားကြီးအား ဖူးမျှော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်း၊ တပင်တိုင်ခေါင်းလောင်းတွင် ခေါင်းလောင်းထိုးခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)