ဝမ်းတွင်း ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားလိုင်း အပြစ်လျော့နည်းရေးနှင့် လျှပ်စစ်ဓာတ်အားများ ပျောက်ဆုံးမှုကျဆင်းရေး ယနေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်းရှိ အများပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားလိုင်းကြံ့ခိုင်းရေး၊ ဓာတ်အားလိုင်း အပြစ်လျော့နည်းရေး၊ ဓာတ်အားပျောက်ဆုံးမှု ကျဆင်းရေးအတွက် ၁၁ ကေဗီ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်