လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေး

လှိုင်သာယာ(အနောက်)  ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ပြေစာတံဆိပ်ဆိုင်ရာသိမှတ်ဖွယ်ရာများ အခွန်ပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)နာရီက  လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကား‌ ပြောကြားသည်။

ထို့နောက် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အခွန်ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က ပြေစာ အမှတ်တံဆိပ်ကပ်ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး အခွန်ဆိုင်ရာနှင့် ပတ်သက်၍ သိရှိလို သည်များကို လုပ်ငန်းရှင်အခွန်ဆောင်ပြည်သူများက မေးမြန်းရာ အခွန်ဦးစီးအရာရှိ ဦးအောင်ဝင်းက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

အခမ်းအနားသို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ ရဲမှူးမောင်မောင်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခွန်ဆောင် ပြည်သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)