တနိုင်း ဇူလိုင် ၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁) ပညာရတနာခန်းမ၌ မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တနိုင်းခရိုင် ယာယီရဲမှူးကြီးကျော်မြင့်ရွှေမှ ကျောင်းသားလူငယ်များအား မိမိတို့၏ဆယ်ကျော်သက်ကာလတွင် မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါများ သုံးစွဲခြင်း မပြုလုပ်ရန်နှင့် လုံးဝရှောင်ကျဥ်ရန်လိုအပ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြသောင်းမှ မူးယစ်ဆေးဝါးဆိုင်ရာ သုံးစွဲမှု/ ရောင်းဝယ်မှု/ ပြစ်မှုနှင့်ပုဒ်မများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက်တွင် ရဲမှူးဇော်လင်းမှ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများကို ရှင်းလင်းပြောကြားကာ ကျောင်းသား/သူများသို့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ယာယီရဲမှူးကြီးကျော်မြင့်ရွှေ၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ဇော်လင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြသောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီဝင်း၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းချိုနှင့် အလယ်တန်းအဆင့် ကျောင်းသူ/သား စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လင်းလင်းအောင်(ပြန်/ဆက်)