ကျောက်တလုံးကြီးမြို့တွင် (၇၉) နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး ဇူလိုင် 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ထီပြွန်အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ ဒေါ်ကေသီအောင်က အာဇာနည်နေ့သမိုင်း၊ အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ စသည်‌တို့ကိုဟောပြောပြီး ကျောင်းသားကျောင်းသူမျးအတွက် အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်ကိုပြသ၍ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြသည်။

ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် နယ်လှည့်အသိပညာပေးလုပ်ငန်းများဖြင့် လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဇော်နိုင်လင်း