ခရမ်း ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္ထုပ္ပတ္တိ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ချက်များ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ခေါင်းကြီးများ ရယူပေးခဲ့သောလွတ်လပ်ရေးကို တန်ဖိုးထားတတ်လာအောင် အသိပညာပေး ဟောပြော ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်နှင်းဝေ(ခရမ်းပြန်/ဆက်)