မိုးနဲ ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ (၇၉) နှစ်မြောက်အာဇာနည်နေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို နာဟောင်အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား/သူလေးများ နိုင်ငံတော်၏နေ့ကြီးရက်ကြီးများကို အမှတ်တရ ရှိနေစေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံတို့ကို ပြောကြားပေးခဲ့သည်။
ထို့နောက် ခင်းကျင်းပြသထားသော အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး၏ အတ္ထုပ္ပတ္တိအကျဥ်းနှင့် စာအုပ်စာစောင်များကို ကျောင်း သား/သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)